Search
Book Demo

Your Wishlist : Locations

Pro Clinic တွင် အသုံးစရိတ်ထည့်သွင်းနည်းကို ဖော်ပြပေးထားပါသည်

Expenses Management ဆိုသည်မှာ မိမိဆိုင်၏ အသုံးစရိတ်များ (ဝန်ထမ်းလစာ၊ ဆိုင်အသုံးစရိတ်၊ အထွေထွေ အသုံးစရိတ်)ကို ထည့်သွင်းလိုသည့် အချိန်တွင် အသုံးပြုရန် ဖြစ်သည်။ Profit & Loss တွက်သည့်အချိန်တွင် အသုံးစရိတ်ကိုပါ ထည့်တွက်သောကြောင့် မဖြစ်မနေထည့်သွင်းပေးရန် လိုအပ်ပါသည်။ ထိုမှသာလျှင် Profit & Loss ကိုအမှန်မြင်ရမည်။ အသုံးစရိတ်များကို အသစ်ထည့်ခြင်း၊ ပြင်ဆင်ခြင်း နှင့် ဖျက်ခြင်း စသည်တို့ကို ပြုလုပ်နိုင် ပါသည်။ အသုံးစရိတ်များကို အသစ် ထည့်ရန်အတွက် Purchases > Add Expense သို့ သွားပါ။ အောက်ပါအတိုင်း တွေ့မြင်ရပါမည်။

Date - အသုံးစရိတ်ထည့်လိုသည့် ရက်စွဲကို ရွေးပေးပါ။

Expense Type    - အသုံးစရိတ်များကို ခေါင်းစဉ်ခွဲထားနိုင်ရန်အတွက် ဖြစ်ပါသည်။ (Expense Type ကို Settings > Expense Types တွင် အသစ်တိုးနိုင်ပါသည်)

Reference - မှတ်သားလိုသော အမှန်စဉ်၊ Invoice နံပါတ်များကို ထည့်သွင်း နိုင်ပါသည်။

Amount - ငွေပမာဏကို ထည့်သွင်းရန် အတွက် ဖြစ်ပါသည်။

Attachment – ဖိုင် နှင့်တွဲသိမ်းလိုပါက သိမ်းရန်အတွက် ဖြစ်သည်။ မရှိပါက ထည့်ရန်မလိုအပ်ပါ။

Note - စရိတ်ထည့်သွင်းသည့်အကြောင်းအရာကို မှတ်သားရန်အတွက် ဖြစ်ပါသည်။ ဥပမာ − ဝန်ထမ်း လစာ၊ ဆုကြေးပေးငွေ၊ ပစ္စည်းသယ်ယူ စရိတ်၊ ကားဆီဖိုး စသည်တို့ကို မှတ်သား ရန်ဖြစ်သည်။

အားလုံးဖြည့်ပြီးလျှင် Add Expense Button ကို နှိပ်ပါ။ အဆင်ပြေပါက Success Message ကို တွေ့မြင်ရပါမည်။



Pro Clinic အသုံးပြုနည်း User Guide ကို အောက်ပါ link ကနေ Download ရယူပါ။ https://tiny.cc/proclinic_ebook

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက >>>

📞 +95 9778915075, +95 9954915075 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

✉️ Messenger မှ တစ်ဆင့်လည်း သိလိုသမျှ မေးမြန်းနိုင်ပါသည်။

☺️ 𝐆𝐎 𝐇𝐄𝐀𝐋𝐓𝐇𝐘 & 𝐇𝐀𝐏𝐏𝐘 ☺️

Add Comment

Location for : Listing Title