Import Stock အလုပ်လုပ်သည့် ပုံစံလေးကို ရှင်းပြပေးထားပါသည်
- 26 November 2024
- 293
- Import , Stock , ရှင်းပြပေးထားပါသည် , အလုပ်လုပ်သည့် , ပုံစံလေးကို ,
Import Stock ဆိုသည်မှာ လက်ကျန် Stock ကို Overwrite (သို့) Opening Stock ထည့်လိုသည့်အချိန်တွင် အသုံးပြုရန် ဖြစ်ပါသည်။
Import Stock တွင် csv file နှင့် သွင်းနိုင်သည့်အတွက် အချိန်ကုန်သက်သာပြီး အလုပ်တွင်ချယ်စေပါမည်။
သတိပြုရန်မှာ Import Stock ဖြင့် သွင်းလျှင် အရင်ရှိထားပြီးသား လက်ကျန်ကို ဖျက်ပြီး Import ထဲမှ အသစ်ထည့်ပေးလိုက်သည့် Stock Qty ကိုသာ Update လုပ်မှာ ဖြစ်သည့်အတွက် csv file တွင် ပါလာသော အချက်အလက်သာလျှင် နောက်ဆုံး လက်ကျန်အရေအတွက် ဖြစ်သွားပါမည်။
Import Stock အသုံးပြုရန်အတွက် Admin Role ရှိသူသည် အောက်တွင် ပြထားသည့်အတိုင်း ဝင်ရောက်ရပါမည်။
ဝင်ရောက်ပြီးပါက Download Sample File ကို နှိပ်ပြီး နမူနာ File ကို ရယူပါ။ ထို့နောက် နမူနာ File အား Rename လုပ်ပြီးလျှင် ဖွင့်ပါ။ အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
ထို့နောက် မိမိပြင်ဆင်လိုသည့် Product များကို နမူနာတွင် ပြထားသည့်အတိုင်း ထည့်ပေးရပါမည်။ Price ပါ ပြောင်းလိုလျှင် Price တွင် Amount ပါ တွဲထည့်ပေးရပါမည်။ Price မထည့်လိုပါက Price column တွင် Amount ထည့်ပေးရန် မလိုအပ်ပါ။
မိမိပြင်ဆင်လိုသည့် Product Code အရ အရေအတွက်နှင့် ထည့်သွင်းမည့် Store Code ကို မဖြစ်မနေ ထည့်ပေးရန် လိုအပ်ပါသည်။ အချက်အလက်များ ထည့်သွင်းပြီးလျှင် Save လုပ်ပေးရပါမည်။ ထိုနောက် Import Stock Page တွင် Choose File မှ တဆင့် မိမိ Save လုပ်ပြီး သိမ်းထားသော File ကို ရွေးပြီးတော့ Import လုပ်ပေးရပါမည်။
Import လုပ်ခြင်းအဆင်ပြေလျှင် အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။
ခုဆိုရင် အောင်မြင်စွာဖြင့် Import Stock လုပ်ပြီးသွားပါပြီ။
အသေးစိတ် သိရှိလိုပါက
☎️ 𝟎𝟗𝟕𝟕𝟖𝟗𝟏𝟓𝟎𝟕𝟓 , 𝟎𝟗𝟗𝟓𝟒𝟗𝟏𝟓𝟎𝟕𝟓 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
Pro Clinic အကြောင်း ပိုမိုသိရှိ နိုင်ရန်အတွက် အသုံးပြုနည်း လမ်းညွှန်စာအုပ်အား အောက်တွင် 𝑫𝒐𝒘𝒏𝒍𝒐𝒂𝒅 လုပ်ထားနိုင်ပါသည်။
📘 𝑼𝒔𝒆𝒓 𝑴𝒂𝒏𝒖𝒂𝒍 >> http://tiny.cc/proclinic_ebook
🌐 https://proxclinic.com
✉️ 𝑴𝒆𝒔𝒔𝒆𝒏𝒈𝒆𝒓 မှ တစ်ဆင့်လည်း သိလိုသမျှ မေးမြန်းနိုင်ပါသည်။
👉Go Healthy & Happy👈