Search
Book Demo

Your Wishlist : Locations

COVID-19 ကပ်ရောဂါကို ကာကွယ်ရန် လိုက်နာရမည့်နည်းလမ်းများ

ကာကွယ်ဆေးထိုးပါ။

ခွင့်ပြုချက်ရ COVID-19 ကာကွယ်ဆေးများသည် သင့်အား COVID-19 ကူးစက်မှုမှ ကာကွယ်ပေးနိုင်ပါသည်။

သင့်တွင်ရနိုင်သောအခါ COVID-19 ကာကွယ်ဆေးကို ထိုးထားသင့်ပါသည်။

ကာကွယ်ဆေးအပြည့်အစုံထိုးပြီးပါက ကူးစက်ရောဂါကြောင့် သင်ရပ်တန့်ထားရသော အချို့အရာများကို စတင်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

Mask တပ်ပါ။

အသက် ၂နှစ်အထက်ဖြစ်ပြီး ကာကွယ်ဆေးမထိုးရသေးပါက လူဦးရေထူထပ်သော အတွင်းဘက်နေရာများတွင် mask တပ်သင့်ပါသည်။

ယေဘုယျအားဖြင့် ပြင်ပနေရာများတွင် mask တပ်ရန်မလိုပါ။

COVID-19 ရောဂါဖြစ်ပွားမှု များပြားသောဒေသများတွင် လူဦး ရေထူထပ်သော ပြင်ပနေရာများ၌ mask တပ်ရန်နှင့် ကာကွယ်ဆေးအပြည့်အဝမရသေးသော အခြားသူများနှင့် နီးကပ်စွာ မနေမိစေရန် သတိထားရမည်။

ရောဂါအခံ အခြေအနေတစ်ခုခုရှိနေသူ (သို့) ခုခံအားကျဆင်းစေသော ဆေးဝါးများသောက်သုံးနေသောသူသည် ကာကွယ်ဆေးအပြည့်အဝထိုးလျှင်တောင် အကာအကွယ်မရနိုင်ပေ။ ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ ခွင့်မပြုမချင်း ကာကွယ်ဆေးမထိုးထားသောလူများအတွက် အကြံပြုထားသော ကြိုတင်ကာကွယ်မှုများအားလုံးကို ဆက်လက်လုပ်ဆောင်သင့်သည်။

လေယာဉ်များ၊ ဘတ်စ်ကားများ၊ ရထားများကဲ့သို့ အတွင်းပိုင်းနေရာများတွင် mask တပ်ရန် လိုအပ်သည်။ ခရီးသွားများသည် သယ်ယူပို့ဆောင်ရေး၏ ပြင်ပနေရာများတွင် (ကူးတို့သင်္ဘောဖွင့်ထားသော ကုန်းပတ်များ သို့မဟုတ် ဘတ်စ်ကား၏ အမြင့်ဆုံးကုန်းပတ်ကဲ့သို့) မျက်နှာဖုံးတပ်ရန် မလိုအပ်ပါ။

အခြားသူများနှင့် (၆)ပေအကွာတွင်နေပါ။

အိမ်တွင်း၌ နေမကောင်းဖြစ်နေသူများနှင့် ထိ‌တွေ့ခြင်းကို ရှောင်ရှားပါ။

ဖြစ်နိုင်လျှင် နေမကောင်းဖြစ်နေသူနှင့် အခြားအိမ်သားများကြားတွင် အမြဲ (၆)ပေခြား၍ နေပါ။

အိမ်အပြင်ဘက်၌ သင်နှင့် အိမ်တွင်မနေသော အခြားသူများကြားတွင် (၆) ပေအကွာအဝေး ထားပါ။

ရောဂါလက္ခဏာမပြသောလူအချို့ထံမှ ဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်း သတိပြုပါ။

အခြားသူများနှင့် အနည်းဆုံး (၆)ပေ (လက်မောင်းနှစ်ဖက်ဆန့်အရှည်) ခြား၍ နေပါ။

အထူးသဖြင့် နေမကောင်းဖြစ်နိုင်ချေ ပိုများသော လူများအတွက် အခြားသူများနှင့် ဝေးရာမှာနေဖို့ အထူးအရေးကြီးပါသည်။

လူစုလူဝေးနှင့် လေကောင်းလေသန့်မရသော နေရာများကို ရှောင်ပါ။

စားသောက်ဆိုင်များ၊ ဘားများ၊ gym များ သို့မဟုတ် ရုပ်ရှင်ရုံများကဲ့သို့ လူအုပ်ထဲတွင်ရှိနေခြင်းသည် သင့်အား COVID-19 ဖြစ်နိုင်ချေ ပိုမြင့်စေပါသည်။

အတတ်နိုင်ဆုံး အပြင်ကနေ လေကောင်းလေသန့်မ၀င်တဲ့ indoor space များကို ရှောင်ပါ။

အိမ်ထဲမှာနေပါက ဖြစ်နိုင်လျှင် ပြတင်းပေါက်များနှင့် တံခါးများဖွင့်ပေးခြင်းဖြင့် လေကောင်းလေသန့် ရယူပါ။

မကြာခဏ လက်ဆေးပါ။

အထူးသဖြင့် လူထူထပ်သည့်နေရာများသို့ ရောက်ခဲ့သည်ဖြစ်စေ၊ နှာရည်ညစ်ခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေပြီးနောက်ဖြစ်စေ လက်ကို ဆပ်ပြာနှင့်ရေတို့ဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာ မကြာခဏဆေးပါ။

အောက်ပါအချိန်များတွင် လက်ဆေးဖို့ အလွန်အရေးကြီးပါသည်။

အစာမစားခင် (သို့) အစာမပြင်ခင်

မျက်နှာကို မကိုင်ခင်

အိမ်သာသွားပြီးချိန်

လူထူထပ်သည့်နေရာမှ ပြန်လာချိန်

နှာရည်ညှစ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့ ပြုလုပ်ပြီးချိန်

သင့် maskကို ကိုင်ပြီးချိန်

ကလေး diaper လဲပေးပြီးချိန်

နေမကောင်းနေသူ တစ်ယောက်ယောက်ကို ပြုစုပြီးချိန်

တိရစ္ဆာန်များကို ထိတွေ့ပြီးချိန်။

ဆပ်ပြာနှင့်ရေကို အလွယ်တကူမရနိုင်ပါက အနည်းဆုံး အရက်ပြန် ၆၀% ပါသော လက်သန့်ဆေးရည်ကို သုံးပါ။ သင့်လက်၏ မျက်နှာပြင်အားလုံးကို နှံ့အောင်သန့်စင်ပြီး ခြောက်သွေ့သည်အထိ ပွတ်ပေးပါ။

မသန့်စင်ရသေးသောလက်များဖြင့် သင်၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မကိုင်ပါနှင့်။

နှာချေ၊ချောင်းဆိုးသောအခါ ပါးစပ်ကို ကာထားပါ။

Mask တပ်ထားလျှင် maskထဲတွင် ချောင်းဆိုး သို့မဟုတ် နှာချေနိုင်သည်။ သန့်ရှင်းသော mask အသစ်ကို အမြန်ဆုံးတပ်ပြီး လက်ကိုဆေးပါ။

Mask တပ်မထားလျှင်

ချောင်းဆိုး၊ နှာချေလျှင် ပါးစပ်နှင့် နှာခေါင်းကို တစ်သျှူးဖြင့် အမြဲကာထားပါ၊ သို့မဟုတ် တံတောင်ဆစ်အတွင်းကို သုံးပါ။ တံတွေးမထွေးပါနှင့်။

သုံးပြီးသားတစ်သျှူးများကို အမှိုက်ပုံးထဲသို့ပစ်ပါ။

လက်ကို ဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာဆေးပါ။ ဆပ်ပြာနှင့်ရေကို အဆင်သင့်မရရှိပါက အနည်းဆုံး အရက် ၆၀% ပါသော လက်သန့်ဆေးရည်ဖြင့် လက်ကို စင်ကြယ်စွာဆေးပါ။

သန့်စင်ပြီး ပိုးသတ်ပါ။

စားပွဲများ၊ တံခါးများ၊ မီးခလုတ်များ၊ ကောင်တာများ၊ လက်ကိုင်များ၊ စားပွဲများ၊ ဖုန်းများ၊ ကီးဘုတ်များ၊ အိမ်သာများ၊ ဘုံပိုင်ခေါင်းများနှင့် ဘေစင်များကဲ့သို့ မကြာခဏ ထိ‌တွေ့ရသော မျက်နှာပြင်များကို နေ့စဉ်သန့်ရှင်းပါ။

တစ်စုံတစ်ဦး ဖျား‌နာနေပါက သို့မဟုတ် COVID-19 ရောဂါပိုးတွေ့ရှိပြီဆိုပါက မကြာခဏထိတွေ့ရသော မျက်နှာပြင်များကို ပိုးသတ်ပါ။

မျက်နှာပြင်များညစ်ပတ်နေပါက ပိုးသတ်ဆေး (သို့) ဆပ်ပြာနှင့်ရေတို့ကို သုံး၍ သန့်ရှင်းပါ။

သင့်ကျန်းမာရေးအခြေအနေကို နေ့စဉ် သတိထားစောင့်ကြည့်ပါ။

ရောဂါလက္ခဏာများကို သတိထားစောင့်ကြည့်ပါ။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း (သို့) COVID-19 ၏ အခြားလက္ခဏာများကို စောင့်ကြည့်ပါ။

မရှိမဖြစ်လိုအပ်သော အလုပ်များလုပ်နေရလျှင်၊ ရုံး (သို့) အလုပ်ခွင်သို့သွားရလျှင် (၆)ပေခြား၍နေဖို့ ခက်ခဲနိုင်သောကြောင့် လက္ခဏာများကို အထူးသတိထား စောင့်ကြည့်သင့်ပါသည်။

ရောဂါလက္ခဏာများ ခံစားနေရပါက ကိုယ်အပူချိန်တိုင်းတာပါ။

လေ့ကျင့်ခန်းလုပ်ပြီးချိန် (သို့) Acetaminophen (Paracetamol) ကဲ့သို့ သင့်ကိုယ်အကူချိန်ကို ကျဆင်းစေသောဆေးများ သောက်ပြီးချိန် မိနစ် ၃၀ အတွင်း ကိုယ်အပူချိန်မတိုင်းပါနှင့်။


Source: www.cdc.gov
Crd: My-Medicine

Add Comment

Location for : Listing Title