Search
Book Demo

Your Wishlist : Locations

How to add purchase on Pro Clinic POS?

Purchases ဆိုသည်မှာ ဆိုင်အတွက် အဝယ်ပစ္စည်းများကို ထည့်သွင်းလိုသည့် အချိန်တွင် အသုံးပြုရန် ဖြစ်သည်။ အဝယ်စာရင်းများကို သွင်းသည့် အချိန်တွင် Inventory သို့ ဝယ်ယူသည့် ပစ္စည်းပမာဏ အတိုင်း အလိုအလျောက် တိုးသွားမည်လည်း ဖြစ်သည်။ အဝယ် ဘောင်ချာကို ပြန်ဖျက်ပါကလည်း Inventory မှ ဖျက်လိုက်သော ဘောင်ချာ၏ ပစ္စည်း ပမာဏ အတိုင်း အလိုအလျောက် လျော့သွားမည်လည်း ဖြစ်သည်။ အဝယ်စာရင်းများ အသစ်ထည့်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်ခြင်း တို့ကို ပြုလုပ်သည့် အချိန်တွင် Purchases အောက်မှ ဝင်ရောက်၍ စီမံခန့်ခွဲ ပေးရပါမည်။

အဝယ် ဘောင်ချာ အသစ်ဖွင့်ရန်အတွက် Purchases > Add Purchase သို့သွားပါ။ အောက်ပါအတိုင်း တွေ့မြင်ရ ပါမည်။ (ပုံ)

Date - ပစ္စည်းဝယ်ယူသည့် ရက်စွဲကို ထည့်ရန် အတွက်ဖြစ်သည်။

Reference - အဝယ် ဘောင်ချာ နံပါတ် (သို့) မိမိ မှတ်သားလိုသော အမှတ်စဉ် တစ်ခုခုကို ထည့်သွင်းရန် အတွက် ဖြစ်သည်။

Search product နေရာမှာ Product Code, Product Name ဖြင့် ရှာဖွေ နိုင်ပါသည်။ Barcode Scanner ဖြင့်လည်း အသုံးပြုနိုင်ပါသည်။ Scan ဖတ်လိုက်သော Product သည် အောက်သို့ ဝင်သွားမည်ဖြစ်သည်။

Expiry Date – Product ဝယ်ယူသည့် အချိန်တွင် Expiry Date ကို သတ်မှတ်လိုပါက ထည့်သွင်းရမည် ဖြစ်သည်။

Quantity - ဝယ်ယူလိုက်သော Product အရေအတွက်ကို ထည့်သွင်းရမည် ဖြစ်သည်။

Unit - ဝယ်ယူမည့် Product ၏ Default Purchase Unit ကို ပြပေးထားမည် ဖြစ်သည်။ Unit ပြောင်းလိုပါက ပြောင်းလဲပြီး အသုံးပြုနိုင်သည်။

Unit Cost - ကုန်ပစ္စည်း ဝယ်စျေးကို ပြထားပေးပါသည်။ ဝယ်စျေး အပြောင်းအလဲ ဖြစ်ပါက ပြင်ဆင်နိုင်ပါသည်။ ကျသင့် ငွေကို အလိုအလျောက် တွက်ပြပေးပါမည်။

Total တွင် စုစုပေါင်း ကျသင့်ငွေကို တွက်ပြထားပြီး ဖြစ်ပါသည်။ Paid တွင် ကုန်ရောင်းသူသို့ ပေးချေမည့် Amount ကို ရိုက်ထည့်ပေးရပါမည်။ လက်ငင်းဝယ်ယူလိုက်ပါက စုစုပေါင်း ကျသင့်ငွေအတိုင်း ရိုက်ထည့်ရပါမည်။ အကြွေးဝယ်ယူပါက သုညကို ထည့်သွင်းပါ၊ ခွဲပေးလျှင်လည်း ပေးမည့် Amount ကို ရိုက်ထည့် ပေးရပါမည်။ Balance တွင် ပေးရန်ရှိ Amount ကို တွက်ပြထားပေးပါမည်။

Supplier - ကုန်ရောင်းသူကို ရွေးပေးရပါမည်။ ရွေးစရာ မရှိပါက Supplier တွင် အသစ်ထည့် ပေးရပါမည်။ အသစ်ထည့်ရန်အတွက် Suppliers Management တွင် အသေးစိတ်ကို ဖတ်ကြည့် နိုင်ပါသည်။

Received - ကုန်ပစ္စည်း လက်ခံရရှိပါက Received (Stock လက်ကျန်ကို ပေါင်းသွားပါမည်) ကို ရွေးပေးရပါမည်။ လက်ခံ မရရှိသေးပါက Not received yet (Stock ကို ထိမည် မဟုတ်သေးပါ) ကို ရွေးပါ။

Attachment - ဆိုသည်မှာ ဘောင်ချာကို တွဲ၍ သိမ်းထားလိုပါက သိမ်းထား နိုင်ပါသည်။ PDF (or) Image ဖြင့် Attach တွဲ၍ သိမ်းထားနိုင်ရန် အတွက် ဖြစ်ပါသည်။ (မသိမ်းလည်း ရပါသည်)

Note - တခြားမှတ်သားလိုသည် ရှိက မှတ်သား နိုင်ပါသည်။ မရှိရင် ထည့်ရန် အလိုအပ်ပေ။

Add Purchase - အချက်အလက်များအလားလုံး ဖြည့်ပြီးလျှင် Add Purchase Button ကို နှိပ်ပါ။ အဆင်ပြေပါက Success Message ကို တွေ့မြင် ရပါမည်။

Reset - ထည့်ထားသော အချက်အလက်များကို Cancel လုပ်လို၍ အသစ်ပြန်လည် စာရင်းသွင်းလိုပါက Reset Button ကို နှိပ်ပါ။

မှတ်ချက်။   ။FOC ရသော ကုန်ပစ္စည်းများကို ထည့်သွင်းသည့်အချိန်တွင် ဝယ်စျေးနေရာတွင် သုည (0) ဖြင့် အဝယ်စာရင်း ဖွင့်ပေးနိုင်ပါသည်။

Pro Clinic အသုံးပြုနည်း User Guide ကို အောက်ပါ link ကနေ Download ရယူပါ။ https://tiny.cc/proclinic_ebook

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက >>>

📞 +95 9778915075, +95 9954915075 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

✉️ Messenger မှ တစ်ဆင့်လည်း သိလိုသမျှ မေးမြန်းနိုင်ပါသည်။

☺️ 𝐆𝐎 𝐇𝐄𝐀𝐋𝐓𝐇𝐘 & 𝐇𝐀𝐏𝐏𝐘 ☺️

Add Comment

Location for : Listing Title