Omicron ရဲ့ လက္ခဏာများ
- 4 February 2022
- 1020
- Omicron , ရဲ့ , လက္ခဏာများ ,
မင်္ဂလာပါ စာဖတ်ပရိတ်သတ်တို့ရေ…
အခုဆိုရင်တော့ Omicron ဟာ မြန်မာနိုင်ငံကို ရောက်ရှိလို့လာခဲ့ပါပြီ။ တော်တော်များများလည်း ကူးစက်ခံနေကြရပါတယ်။ ကိုဗစ်ရဲ့ အခြားသောမျိုးကွဲ ဗိုင်းရပ်စ်တွေထက် Omicron က ပိုပြီးလျင်လျင်မြန်မြန်ကူးစက်နိုင်ပေမယ့် တတိယလှိုင်းကဖြစ်ခဲ့တဲ့ Delta ဗိုင်းရပ်စပ်မျိုးကွဲလောက် ပြင်းထန်မှုတော့ မရှိသေးပါဘူး။
Omicron ကူးစက်ခံရပါက
- နှာခေါင်းပိတ်ခြင်း၊ နှာစေးခြင်း
- ဖျားခြင်း၊ ချမ်းတုန်ခြင်း
- လည်ချောင်းခြောက်ခြင်း၊ လည်ချောင်းနာခြင်း
- ချောင်းခြောက်ဆိုးခြင်း
- ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ဇောချွေးများ ထွက်ခြင်း
- ဝမ်းလျှောခြင်း တို့ပဲဖြစ်ကြပါတယ်။
အရင်လို အနံ့၊ အရသာ ပျောက်တာမျိုး သိပ်မတွေ့ရဘဲ တုပ်ကွေးလက္ခဏာတွေနဲ့ တူနေတဲ့အတွက်ကြောင့် အထက်ပါ လက္ခဏာတွေ ခံစားနေရပြီဆိုတာနဲ့ ကိုဗစ်ဟုတ် မဟုတ် အမြန်စစ်ဆေးကြည့်သင့်ပါတယ်။
အပြင်သွားတိုင်း Mask တပ်ခြင်း၊ မကြာခဏ လက်ဆေးခြင်းတို့ပြုလုပ်သင့်ပြီး လူများတဲ့နေရာတွေကို ရှောင်ရှားခြင်းတို့ဖြင့် မိမိကိုယ်ကိုယ်ကို ကာကွယ်လိုက်ပါ။
Credit :: My-Medicine