Search
Book Demo

Your Wishlist : Locations

Product အလိုက် အရောင်း၊ အဝယ်၊ အပျက်အစီး စာရင်းများကို အသေးစိတ်ပြန်ကြည့်နိုင်ပါပြီ

Product အလိုက် အရောင်း၊ အဝယ် အပြင် အပျက်အစီး စာရင်းများကို ရက်အလိုက် ထုတ်ကြည့်နိုင်ရန် အတွက် Product History Report ကို အသစ်တိုးပေးထားပါသည်။

Product History Report တွင် အပိုင်း ၃ ခု ပါဝင်ပါသည်။

- ပထမ တစ်ခုက Sale (အရောင်း) အပိုင်း ဖြစ်ပါသည်။

ဆေးပစ္စည်းအလိုက် ထိုဆေး၏ ရောင်းစျေး ကို ပြန်ကြည့်နိုင်ပါသည်။ ထို့အပြင် မိမိရွေးထားသော ရက်စွဲအတွင်းရှိ ထိုဆေး၏ ပျှမ်းမျှ ရောင်းစျေးကိုပါ ဖော်ပြပေးထားပါသည်။ နောက်ပိုင်းတွင် ဆေးကို စျေးတင်ရောင်း/ စျေးလျော့ရောင်း လုပ်မည့် အချိန်တွင် စျေးနှုန်းကို ဘယ်လောက်ထားသင့်လဲဆိုတာကို ခန့်မှန်းသိရှိနိုင်ရန် အတွက် ဖြစ်ပါသည်။ (ပုံတွင်ကြည့်ရန်)

- ဒုတိယ တစ်ခုက Purchase (အဝယ်) အပိုင်း ဖြစ်ပါသည်။

ဆေးပစ္စည်းအလိုက် ထိုဆေး၏ ရက်အလိုက်ဝယ်ယူထားသည့် ဝယ်စျေး ကို ပြန်ကြည့်နိုင်ပါသည်။ ထိုဆေးကို ဘယ်သူဆီကနေ စျေးဘယ်လောက်နဲ့ ဝယ်ယူထားတယ်ဆိုတာကိုပါ သိရှိနိုင်ပါသည်။ နောက်ပိုင်းထိုဆေးကို ဝယ်ဖြည့်သည့် အချိန်တွင် ဘယ်စျေးနဲ့ ဝယ်သင့်လဲဆိုတာကို ခန့်မှန်းနိုင်ရန်အတွက် တစ်ယူနစ် ပျမ်းမျှ ဝယ်စျေးကိုလည်း တွက်ပြပေးထားပါသည်။ အဝယ်ဘောင်ချာကို ပြန်ကြည့်ရန်အတွက် Purchase No. ကို နှိပ်ပြီး ပြန်ကြည့်နိုင်ပါသည်။ (ပုံတွင်ကြည့်ရန်)


- တတိယ တစ်ခုက Damage (အပျက်အစီး) အပိုင်း ဖြစ်ပါသည်။

ဆေးပစ္စည်းအလိုက် ထိုဆေး၏ ရက်အလိုက် အပျက်အစီး (သို့) ဆေးခန်းအတွက်အသုံးပြုတာလား စသည်တို့ကို သိရှိနိုင်ပါသည်။ ပျက်စီးဆုံးရှူံးမှုအရ တစ်ယူနစ် ပျမ်းမျှအပျက်အစီးတန်ဖိုးကိုလည်း သိရှိနိုင်အောင် တွက်ပြပေးထားပါသည်။ အပျက်အစီးစာရင်းကို ဘောင်ချာအလိုက်ပြန်ကြည့်ရန်အတွက် Damage No. ကို နှိပ်ပြီး ပြန်ကြည့်နိုင်ပါသည်။ (ပုံတွင်ကြည့်ရန်)


အသေးစိတ် အချက်အလက်များကို သိရှိလိုပါက >>

ဖုန်းနံပါတ် 📞 +95 9778915075, +95 9954915075 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

🌐 Demo အသုံးပြုရန်အတွက် website တွင် Book Demo ပြုလုပ်ပေးပါ။

📘 𝑼𝒔𝒆𝒓 𝑴𝒂𝒏𝒖𝒂𝒍 >> http://tiny.cc/proclinic_ebook

✉️ Messenger မှ တစ်ဆင့်လည်း သိလိုသမျှ မေးမြန်းနိုင်ပါသည်။

Add Comment

Location for : Listing Title