Search
Book Demo

Your Wishlist : Locations

ဝယ်စျေးပြောင်းတာနဲ့ ‌ပစ္စည်းရဲ့ ဝယ်စျေး နှင့် ရောင်းစျေးကို Profit Margin Auto ပြောင်းလဲပေးအောင် ထပ်တိုးပေးခြင်း

စျေးအတက်အကျကြမ်းတဲ့ ယခုလိုကာလမျိုးမှာ ပစ္စည်းစျေးနှုန်းတွေကို ဝယ်စျေးပြောင်းတာနဲ့ မိမိသတ်မှတ်ထားသော Margin အရ မူလရှိထားသော ပစ္စည်း ဝယ်စျေး နှင့် ရောင်းစျေးကို အလိုအလျောက် ပြောင်းလဲပေးအောင် ထပ်တိုးဆောင်ရွက်ပေးထားပါသည်။

ဒီ features လေးရဲ့ အလုပ်လုပ်ပုံကို အသေးစိတ်လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါသည်။ ပထမဦးစွာ Settings တွင် ထိုလုပ်ဆောင်ချက်ကို အသုံးပြုမလား ၊ မပြုဘူးလားဆိုတာကို မိမိစိတ်ကြိုက်သတ်မှတ်လို့ရပါသည်။ ပုံ (၁)

Default Product Margin (%) ဆိုတာက Product Add လုပ်သည့်အချိန်တွင် Profit Margin ကို Auto ပြထားပေးရန်အတွက် ဖြစ်ပါသည်။ Product Add လုပ်သည့်အချိန်တွင် ဝယ်စျေး သတ်မှတ်ပြီးချိန်တွင် ရောင်းစျေးကို Profit Margin အရ Auto တွက်ပြပေးပါမည်။ Product Add လုပ်သည့်အချိန်တွင် Profit Margin ကို မိမိစိတ်ကြိုက်ပြင်ဆင်နိုင်သည့်အတွက် ပစ္စည်းတစ်ခုခြင်းဆီအတွက် မတူညီသော Profit Margin ကိုသတ်မှတ်ထားနိုင်မည်လည်း ဖြစ်ပါသည်။

Update Product Cost with Purchase ဆိုတာကတော့ Pruchase (အဝယ်စာရင်း) သွင်းသည့်အချိန်တွင် ထည့်သွင်းလိုက်သည့် စျေးနှုန်းအား ထိုပစ္စည်း၏ မူလဝယ်စျေးကို ပြောင်းမယ်ဆိုပါက Yes ကို ရွေးချယ်ပါ၊ မပြောင်းလဲလိုပါက No ကို ရွေးထားရန်လိုအပ်ပါသည်။

Yes ဖြစ်လျှင် Product ၏ ဝယ်စျေးကို Auto Update လုပ်ပေးသွားမည် ဖြစ်ပြီး၊ No ဖြစ်လျှင် မလုပ်ဆောင်ပါ။

Update Product Price with Purchase ဆိုတာကတော့ Pruchase (အဝယ်စာရင်း) သွင်းသည့်အချိန်တွင် ထည့်သွင်းလိုက်သည့် စျေးနှုန်းအား ထိုပစ္စည်း၏ မူလရောင်းစျေးကို ပြောင်းမယ်ဆိုပါက Yes ကို ရွေးချယ်ပါ၊ မပြောင်းလဲလိုပါက No ကို ရွေးထားရန်လိုအပ်ပါသည်။

Yes ဖြစ်လျှင် Product ၏ ရောင်းစျေးကို ထို Product ၏ Profit Margin အရ Auto Update လုပ်ပေးသွားမည် ဖြစ်ပြီး၊No ဖြစ်လျှင် မလုပ်ဆောင်ပါ။

Add Product လုပ်သည့် အချိန်တွင် Setting တွင် သတ်မှတ်ထားသော Margin ကို Auto ပြပေးထားသော်လည်း မိမိစိတ်ကြိုက်လည်း ပြင်ဆင်လို့ရအောင် ဆောင်ရွက်ပေးထားပါသည်။ Profit Margin အရ Price ကို အလိုအလျောက် တွက်ချက်ပေးပါသည်။

Add Purchase လုပ်သည့်အချိန်တွင် Unit Cost သည် မူလဝယ်စျေးနှင့် မတူပဲ အပြောင်းအလဲ ရှိလာလျှင် ထိုပြောင်းလဲလိုက်သော ဝယ်စျေးအရ Products များ၏ ဝယ်စျေးကို ပြောင်းလဲပေးခြင်း နှင့် ရောင်းစျေးကို Products များ၏ သတ်မှတ်ထားသော Profit Margin အရ ပြောင်းလဲပေးခြင်းများကို အလိုအလျောက် လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

မှတ်ချက် - ထိုလုပ်ဆောင်ချက်များကို အသုံးမပြုလိုပါက Setting တွင် No လုပ်ထားပေးရန်လိုအပ်ပါသည်။

Pro Clinic သည် အသုံးပြုသူမိတ်ဆွေများအတွက် အကျိုးရှိသော Features များကို အမြဲထပ်တိုး ဆောင်ရွက်ပေးနေသော ဆော့ဝဲလ်တစ်ခု ဖြစ်ပါသည်။

Add Comment

Location for : Listing Title