Add-on Features အနေဖြင့်အသုံးပြုနိုင်သော လုပ်ဆောင်ချက်များ
- 21 September 2022
- 1657
- Features , Add-on , အနေဖြင့်အသုံးပြုနိုင်သော , လုပ်ဆောင်ချက်များ ,
Pro Clinic တွင် Add-on အနေဖြင့် အသုံးပြုနိုင်သော Features များဖြစ်ပါသည်။
- Sale Return (Add-on)
Sale Return ဆိုသည်မှာ မိမိရောင်းလိုက်သော Products များကို Customer မှ အကြောင်းအမျိုးမျိုးကြောင့် ပြန်သွင်းသည့်အချိန်တွင် အသုံးပြုရန်ဖြစ်ပါသည်။
Sale Return ပြန်လာသည့် Products များသည် Stock ထဲသို့အလိုအလျှောက် ပြန်ဝင်မည်ဖြစ်သောကြောင့် Stock ပြန်မကိုက်မှာအတွက် စိတ်ပူစရာမလိုတော့ပေ။
- Sale Order (Add-on)
Sale Order ဆိုသည်မှာ Customer မှ Order ကြိုတင်သည့်အချိန်တွင် အသုံးပြုရန်အတွက်ဖြစ်ပါသည်။ Order အရေအတွက်၊ Order Products အလိုက် ဘယ်ပစ္စည်းကို မှာရမယ်ဆိုတာမျိုးတွေကို သိရှိနိုင်ပါသည်။ Order Status အရ Order, Warehouse, Shipped စသည်ဖြင့် မှတ်သားနိုင်သလို Status Change History ကိုလည်း အချိန်နှင့် တကွ ပြပေးထားပါသည်။
- Purchase Return (Add-on)
Purchase Return ဆိုသည်မှာ ဆိုင်မှဝယ်ထားသည့် ပစ္စည်းများကို Supplier သို့ ပြန်ပေးဖို့လိုအသည့် အချိန်တွင် အသုံးပြုရန် ဖြစ်ပါသည်။ Purchase Return လုပ်လျှင် Stock ထဲမှ ပစ္စည်းအရေအတွက်များ အလိုအလျောက် နှုတ်ပေးသွားမည်လဲ ဖြစ်ပါသည်။
- Purchase Order (Add-on)
Purchase Order ဆိုသည်မှာ Supplier ဆီသို့ ကြိုတင် Order တင်ဖို့လိုအပ်သည့်အချိန်တွင် စာရင်းကြိုသွင်းထားနိုင်သည့်လုပ်ဆောင်ချက်ဖြစ်ပါသည်။ Order ထည့်သွင်းထားသော ဘောင်ချာများကို Supplier မှ ပစ္စည်းရောက်သောအခါ Purchase သို့ Click ၁ ချက်နှိပ်ပြီး ထည့်နိုင်အောင်လည်း ဆောင်ရွက်ပေးထားပါသည်။ Purchase Complete ဖြစ်လျှင် Purchase Order Status သည် အလိုအလျောက် ပြောင်းပေးသွားပါမည်။
- Stock Adjustment (Add-on)
အကြောင်းအမျိုးမျိုးကြောင့် Stock ကိုညှိဖို့လိုအပ်လာလျှင် Stock Adjustment ကို အသုံးပြုပြီး Add (+) , Less (-) ခွဲ၍ အတိုး၊ အလျော့ကို ညှိနိုင်ပါသည်။
ဘာကြောင့် Adjustment လုပ်ရတယ်ဆိုတာကိုပါ တပါတည်း မှတ်သားထားနိုင်ပါသည်။
ဘာကြောင့်ပြင်ခဲ့တယ်ဆိုတာကို နောက်ပိုင်းတွင် ပြန်စစ်နိုင်မည်။
- Sale Detail Report (Add-on)
အရောင်း ဘောင်ချာအလိုက် အသေးစိတ်ကို တစ်နေရာထဲတွင် တန်းမြင်နိုင်သည့် Analysis report ဖြစ်ပါသည်။ မိမိသိလိုသည့် filter ကိုသတ်မှတ်လိုက်တာနဲ့ တစ်ချိန်တည်း အသေးစိတ်ကို တန်းကြည့်နိုင်မည်ဖြစ်ပါသည်။
- Purchase Detail Report (Add-on)
အဝယ်ဘောင်ချာ အလိုက် အသေးစိတ်ကို တစ်နေရာထဲတွင် တန်းမြင်နိုင်သည့် Analysis report ဖြစ်ပါသည်။ မိမိသိလိုသည့် filter ကိုသတ်မှတ်လိုက်တာနဲ့ တစ်ချိန်တည်း အသေးစိတ်ကို တန်းကြည့်နိုင်မည်ဖြစ်ပါသည်။
- Delivery System (Add-on)
မိမိဆိုင်၏ Products များကို Delivery နှင့် တဆင့်ပို့ပေးရန်လိုအပ်လျှင် အသုံးပြုနိုင်ပါသည်။ Delivery နှင့် ငွေစာရင်းရှင်းတမ်းများကိုပါ ထည့်သွင်းဆောင်ရွက်ပေးထားပါသည်။
- Points Payment (Add-on)
Point တစ်ခု၏ တန်ဖိုးကို သတ်မှတ်ခြင်းနှင့် Customer မှ ရရှိထားသော Points များကို အသုံးပြုပြီး တိုက်ရိုက်ငွေရှင်းနိုင်မည်လည်း ဖြစ်ပါသည်။ Points ဖြင့်ငွေရှင်းထားသော စာရင်းများကိုလည်း အသေးစိတ်ပြန်ကြည့်နိုင်ပါသည်။
- Daily Products Stock Ledger (Customized Package)
ရက်အလိုက် product တစ်ခုခြင်း၏ opening, sale, sale return, adjust(+), adjust(-), purchase, damage, transfer in, transfer out, closing စသည်တို့ကို History အနေဖြင့် ရက်အလိုက်သိမ်းဆည်းပေးထားပြီး Products Stock Ledger အနေဖြင့် အချိန်မရွေးပြန်ကြည့်နိုင်ပါသည်။
- Consignment (Customized Package)
မိမိဆိုင်တွင် ရောင်းချရန် ဆေးကုမ္ပဏီများမှ လာပေးထားသော Products များကို ရောင်းချနိုင်ရန်အတွက် ဖြစ်ပါသည်။ Consignment ချထားသော ကုန်ပစ္စည်းများ ဘယ်လောက်ဖိုးရှိလဲ၊ ဘယ်လောက်ဖိုးရောင်းပြီးပြီလဲအပြင် Consignment ပြန်အပ်သည့်အချိန်တွင်လည်း လက်ကျန်အရေအတွက်အတိုင်း ပြန်အပ်နိုင်သည့် လုပ်ဆောင်ချက်များပါဝင်ပါသည်။
Add-on များအတွက် Customized package ပြောင်းရန်မလိုအပ်ပဲ ထပ်တိုးအနေဖြင့် အသုံးပြုနိုင်ပြီး၊ Customized Package အတွက်ကိုတော့ Customized Plan ပြောင်းမှသာလျှင် အသုံးပြုနိုင်သည့် features အမျိုးအစားများ ဖြစ်ပါသည်။
အသေးစိတ် အချက်အလက်များကို သိရှိလိုပါက
📞 +95 9778915075, +95 9954915075 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
✉️ Messenger မှ တစ်ဆင့်လည်း သိလိုသမျှ မေးမြန်းနိုင်ပါသည်။
☺️ 𝐆𝐎 𝐇𝐄𝐀𝐋𝐓𝐇𝐘 & 𝐇𝐀𝐏𝐏𝐘 ☺️