Search
Book Demo

Your Wishlist : Locations

ဆောင်းတွင်းမှာ ရေဘယ်လို သောက်သင့်သလဲ

များသောအားဖြင့် ကျွန်တော်တို့တစ်တွေ ဆောင်းတွင်းအေးနေတော့ ရေသောက်နည်းကြပါတယ်။ အမှန်တော့ ပတ်ဝန်းကျင်ကအေးနေတော့ ရေမငတ်သလို ဖြစ်နေတာပါ။ ဆောင်းတွင်းဆို ပတ်ဝန်းကျင်အေးတဲ့အတွက် ခန္ဓာကိုယ် နွေးနေအောင် ဇီဝ ကမ္မ ဖြစ်စဉ်တွေပို လုပ်ကြရတဲ့ အတွက် အပူ ပို ထွက်ပါတယ်။

ဒါကြောင့် ဝမ်းတွင်း အပူ များပါတယ်။ ဒီလို ဝမ်းတွင်းအပူများတဲ့ အတွက် ဆောင်းရာသီမှာ အပူကန်တာတို့ ၊ နူတ်ခမ်း တွေမှာ အနာလေးတွေပေါက်တတ်ပါတယ်။ ဒီအနာလေးတွေက ရေသောက်ရင်တောင် စပ်တတ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်း ရောက်ရင် ရေသောက်ဖို့ မမေ့သင့်ပါဘူး။

အနည်းဆုံး ၁ လီတာ ၊ ၁ လီတာ ခွဲ လောက် သောက်ပေးသင့်ပါတယ်။ အဲတာမှ ဝမ်းတွင်းအပူ ငြိမ်းစေပါတယ်။ ရှောင်ကြဉ်ရမှာက ရေခဲရေ တို့ အအေးတို့ ဖြစ်ပါတယ်။ သူတို့ဟာ ဝမ်းတွင်းအပူကို ပိုဆိုးစေနိုင်လို့ပါပဲ။ 

ရေ တစ်မျိုး ထဲ ပဲ သောက်စရာ မလိုပဲ ရေကျက်အေး ၊ ရေကျက်အေးထဲ ပျားရည်၊ သံပုရာတို့ရောပြီး သောက်ပေးပါကလည်း ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အအေးမိရောဂါတွေ သက်သာစေပါတယ်။ ဂျင်း ပြုတ်ရေ ကလည်း ဆောင်းတွင်း မှာ အနွေးဓာတ်ပေးပါတယ်။ 

မနက် အိပ်ယာ ထထ ခြင်း ရေတစ်ဖန်ခွက်အပြည့်သောက်ပေးခြင်းဟာလည်း ဆောင်းတွင်းမှာ အပူအပုတ်တွေ နည်းစေပါတယ်။ ဆောင်းတွင်းမှာမှ မဟုတ်ပါဘူး နေစဉ် သောက်ပေးသင့်ပါတယ်။ ရေက အူသိမ် အူနှောင်းတွေထဲက အညစ်အကြေးတွေ စွန့်ထုတ်တဲ့နေရာမှာ ကူညီပေးလို့ အဆိပ်အတောက်ကင်းစေပြီး အသားအရေ စိုပြေစေပါတယ်။ အယောင်အယမ်း သက်သာစေပါတယ်။ နောက်တစ်ခုက ဇီဝ ကမ္မ ဖြစ်စဉ်တွေ မြန်စေလို့ ဝိတ်ကိုလည်း ကျစေပါတယ်။

ဒါကြောင့် ရေကို သောက်ပါ မြဲ ကျန်းမာ လှပ သန့်ရှင်း ရောဂါ ကင်းနေမှာ အမှန်ပါ။

Crd::Shwe Ohh Pharmacy

Add Comment

Location for : Listing Title