Search
Book Demo

Your Wishlist : Locations

အစာအိမ်ရောင်ရောဂါ အကြောင်း သိကောင်းစရာ

အစာအိမ်ရောင်တယ်ဆိုတာ အစာအိမ်ရဲ့ အတွင်းဖုံးအုပ်ထားတဲ့ အလွှာက ရောင်ရမ်းတာဖြစ်ပါတယ်။ သူဖြစ်လာရင် ဝမ်းဗိုက်အပေါ်ပိုင်းက အောင့်တာ၊ ပျို့တာ၊ အန်တာ၊ ဗိုက်ကယ်တာ၊ လေပွတာ၊ ဗိုက်ထဲကပူပြီး မီးမြိုက်ခံရသလိုအောင့်တာ စတဲ့လက္ခဏာတွေနဲ့လည်း လာနိုင်ပါတယ်။ 

အစာအိမ်ရောင် လာပြီဆိုး ခဏပဲ ကြာတဲ့ အရောင် မျိုးနဲ့ နာတာရှည် အရောင်မျိုး စသည်ဖြင့်ရှိပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အစာအိမ်သွေးယိုတာ၊ သွေးကြောပေါက်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာအိမ်ကင်ဆာဖြစ်တာတွေအထိ ဖြစ်သွားနိုင်လို့ ဖြစ်လာပြီဆို တတ်ကျွမ်းနာလည်သူများနဲ့ ဆေးသေချာသောက် သေချာကုသမှုခံယူရမှာဖြစိပါတယ်။
အဓိက အကြောင်းရင်းတွေကတော့ အကိုက်အခဲပျောက် များကြောင့်၊ H pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး ၊ အရက်ကြာရှည် စွဲသောက်နေသူများ၊ stress များသူများ နှင့် ကိုယ်ခံအား ဆိုင်ရာ ရောဂါများကြောင့်ဖြစ်တတ်ပါတယ်။ 
Type A, B,C ဆိုပြီး ၃ မျိုးရှိပါတယ်။ 
Type A က ကိုယ်ခံအားစနစ် ယိုးယွင်းပျက်စီး သွားလို့ဖြစ်ပါတယ်။ သူက ဗီတာမင်များ ချို့တဲ့စေပြီး သွေးအားနည်း ရောဂါ နဲ့ အစာအိမ် ကင်ဆာ ရောဂါ ဖြစ်စေပါတယ်။ 
Type B ကတော့ အတွေ့ရ အများဆုံး ဖြစ်ပြီး H pylori လို့ခေါ်တဲ့ ပိုးကြောင့်ဖြစ်ပါတယ်။ သူက အစာအိမ်အနာဖြစ်စေပြီး သူလည်း ကင်ဆာဖြစ်စေတတ်ပါတယ်။ 
Type C ကတော့ အကိုက်အခဲ ပျောက်ဆေးများ chemical ပစ္စည်းများကြောင့် အစာအိမ်ရဲ့ အတွင်းနံရံ ပျက်ပြီး အစာအိမ် သွေးထွက်တဲ့ ပုံစံပါ။ များသောအားဖြင့် အကိုက်အခဲ ပျောက်ဆေးများနဲ့ အရက် တွေကြောင့် ဖြစ်ပါတယ်။ 
ဤရောဂါဖြစ်လာပြီဆိုရင် တတ်ကျွမ်းနာလည်သူများနဲ့ သေချာပြသရမည်ဖြစ်ပြီး သေချာကုသဖို့ လိုအပ်သလို အောက်ပါတို့လည်း ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ 
၁။အစာကို အချိန်မှန်မှန်စားပါ။ တစ်ခါတည်းလည်း အများကြီး မစားပါနဲ့ ။ နည်းနည်း ခြင်းခွဲ ခွဲစားပါ။
၂။အစာမာတွေမစားပါနဲ့ ။ ပျော့ပျော့ပြောင်းပြောင်း အစာများစားပါ။ 
၃။ အပူအစပ်များ၊ ချဥ်ဖတ်များ ၊
၄။အရက်၊ ဆေးလိပ်၊ ကွမ်းယာများ ၊
၅။chemical များနှင့် တာရှည်ခံအောင်ပြုပြင်ထားသော ခေါက်ဆွဲခြောက်၊ ကြာဆံခြောက်များ၊
၆။ Gas ပါတဲ့ အချိုရေ များ အလွန်အကျွံမသောက်ပါနှင့်။ 
၇။ အဆီ အအိမ့်များတဲ့အစာတွေလည်းရှောင်ပါ။ 
၈။ အကိုက်အခဲပျောက်ဆေးများ ဥပမာ- paracetamol, aspirin, diclofenac, aceclofenac, ibuprofen အစရှိသည်တို့ ရှောင်ရပါမယ်။ မိမိဘာသာမိမိ သောက်သုံးခြင်း လည်း မပြုရပါ။ 
ရောဂါဖြစ်လာရင် အစာအိမ် အက်ဆစ်ထုတ်တာကို လျှော့ချပေးတဲ့ဆေးဝါးတွေ၊ အက်ဆစ်ကို ဓာတ်ပြယ်စေတဲ့ ဆေးဝါးတွေနဲ့၊ H Pylori ပိုးသတ်ဆေး စသည်များ သောက်ဖို့လိုအပ်ပြီး ရံဖန်ရံခါ အစာအိမ် မှန်ပြောင်း ကြည့်ပြီး ကုသဖို့လိုတတ်ပါတယ်။ 
အချုပ်အနေနဲ့ပြောရရင် အစာအိမ်ရောဂါက မပေါ့ဆသင့်ပါဘူး အခန့်မသင့်ရင် ကင်ဆာ ရောဂါထိ ဖြစ်တတ်ပြီး၊ အသက်အန္တရာယ် ပါ ရှိလို့ ဖိဖိစီးစီး ကုသဖို့လိုအပ်ပါတယ်။

Crd::Shwe Ohh Pharmacy 

Post Comments - 1

အခုလို သိရှိနားလည်အောင် ရေးသားပေးထားတဲ့အတွက် တကယ်ကို အသုံးဝင်ပြီး ကျေးဇူးတင်ပါတယ်

Add Comment

Location for : Listing Title