Search
Book Demo

Your Wishlist : Locations

Clinic ကို Enable or Disable လုပ်နိုင်အောင် Setting တွင် တိုးပေးထားပါသည်

Pro Clinic ကို ဆေးခန်းများအပြင် ဆေးဆိုင်များတွင်ပါ အသုံးပြုကြသည့် အတွက် တချို့ Features များသည် ဆေးဆိုင်များအတွက် မလိုအပ်ပဲ မြင်နေရသည့်အခါ အမြင်မရှုပ်ရအောင် Clinic အတွက် Enable / Disable လုပ်နိုင်သည့် Setting တစ်ခုကို တိုးပေးထားခြင်း ဖြစ်ပါသည်။

ဆေးခန်းများအတွက် ဆရာဝန်များ သတ်မှတ်ခြင်း၊ Booking တင်ခြင်း နှင့် ဘောင်ချာဖွင့်ချိန်တွင် ဘယ်ဆရာဝန်ဖြင့် ပြသွားသည် စသည့် အချက်များကို ဆောင်ရွက်နိုင်ပါသည်။ ထိုအချက်များသည် ဆေးဆိုင်များအတွက် မလိုအပ်သည့် အခါ အမြင်မရှုပ်ရအောင် Settings တွင် Clinic ကို Disable လုပ်ထားလိုက်လျှင် Doctors, Appointment နှင့် ဘောင်ချာဖွင့်ချိန်တွင် ဆရာဝန်ရွေးတာတွေကို တွေ့မြင်ရမည် မဟုတ်တော့ပါ။

Settings ရဲ့ Clinic ကို Enable or Disable ဘယ်လိုလုပ်မလဲ။

ပုံတွင်ပြထားသည့်အတိုင်း ဆေးဆိုင်များအတွက် Clinic ကို Disable လုပ်ပါ၊ ဆေးခန်းများအတွက် Clinic ကို Enable လုပ်ပေးပါ။

Clinic ကို Enable လုပ်ထားလျှင် ဖော်ပြပါ လုပ်ဆောင်ချက်များကို တွေ့မြင်ရပါမည်။

ပုံတွင် ပြထားသည့် အတိုင်း Doctors ဆိုသည့် Menu တစ်ခုကို တွေ့မြင်ရပါမည်။ Doctors ဘယ်လိုထည့်ရမလဲဆိုတာကို လေ့လာရန် ဤနေရာကိုနှိပ်ပါ

Clinic ကို Enable လုပ်ထားလျှင် နောက်ထပ်မြင်တွေ့ရမည့် Menu ကတော့ ပုံတွင်ပြထားသည့်အတိုင်း Appointments ပဲ ဖြစ်ပါတယ်။ လူနာများ Booking တင်သည့်အချိန်တွင် အသုံးပြုရန်အတွက် ဖြစ်ပါသည်။ Booking တင်နည်းကို လေ့လာရန်အတွက် ဤနေရာကိုနှိပ်ပါ

အထက်တွင် ဖော်ပြထားသည့်အကြောင်းအရာများသည် Settings တွင် Clinic ကို Enable or Disable လုပ်လိုက်တာနှင့် မြင်တွေ့ရမည့် ပုံစံများကို ရှင်းပြပေးထားခြင်း ဖြစ်ပါသည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက >>

ဖုန်းနံပါတ် 📞 +95 9778915075, +95 9954915075 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

🌐 Demo အသုံးပြုရန်အတွက် website တွင် Book Demo ပြုလုပ်ပေးပါ။

📘 𝑼𝒔𝒆𝒓 𝑴𝒂𝒏𝒖𝒂𝒍 >> http://tiny.cc/proclinic_ebook

✉️ Messenger မှ တစ်ဆင့်လည်း သိလိုသမျှ မေးမြန်းနိုင်ပါသည်။

Add Comment

Location for : Listing Title