Search
Book Demo

Your Wishlist : Locations

ဆေးခန်းများ အတွက် Appointment/Booking ကို ထပ်တိုးပေးထားပါသည်

Appointment/Booking ကို လက်ခံသည့် ဆေးခန်းများတွင် Pro Clinic ၏ Appointment ကို အသုံးပြုနိုင်ပါသည်။ Appointment ကို အသုံးပြုမယ်ဆိုရင် ပထမဦးဆုံး မိမိဆေးခန်းတွင် ထိုင်သည့် Doctors များကို အရင် ထည့်သွင်းထားရပါမည်။

ဆရာဝန်းများထည့်ရန်အတွက် People > Doctors သို့ ဝင်ရောက်ပါ။ ထို့နောက် အောက်ပါအတိုင်း တွေ့မြင်ရပါမည်။

ဆရာဝန်များထည့်သွင်းသည့် အသေးစိတ်ကို ဒီနေရာ တွင်လေ့လာနိုင်ပါသည်။

ဆရာဝန် အချက်အလက်များကို ဖြည့်ပီးလျှင် Appointment အသုံးပြုနည်းကို ပြောပြပေးသွားပါမည်။ Pro Clinic ၏ Dashboard တွင် ယနေ့တွင် Appointments ယူထားသည့် အရေအတွက် တန်းပြီး ကြည့်နိုင်အောင် ထည့်သွင်းပေးထားပါသည်။

Menu ကနေ သွားမယ်ဆိုရင် Appointments > List Appointments ကနေ ဝင်လို့လည်း ရပါသည်။ Appointments ထဲသို့ ရောက်လျှင် အောက်ပါအတိုင်းတွေ့မြင်နေရပါမည်။

Today's Appointments တွင် ယနေ့အတွက် Token ယူထားသော စာရင်းကို တွေ့မြင်ရပါမည်။ Status တွင် Booked, Waiting, Complete, Cancel ဆိုပြီး ခွဲခြားထားပေးပါသည်။ Appointment တစ်ခုထည့်လိုက်လျှင် Status သည် Booked အနေနဲ့ ဝင်သွားပါမည်။ လူနာက ဆေးခန်းရောက်လာလျှင် Status ကို Waiting သို့ ပြောင်းနိုင်ပါသည်။ လူနာက ဆရာဝန်နှင့် ပြပီးလျှင် Status ကို Complete သို့ ပြောင်းပေးရပါမည်။ အကြောင်းအမျိုးမျိုးကြောင့် လူနာက မလာဖြစ်လျှင် Status ကို Cancel သို့ ပြောင်းပေးပါ။

Status ပြောင်းရန် အတွက် Status ကို နှိပ်ပြီးတော့ ပြောင်းနိုင်ပါသည်။ Status ကို နှိပ်လျှင် အောက်ပါအတိုင်း တွေ့မြင်ရပါမည်။

မိမိပြောင်းမည့် Status ကို ရွေးပီး Update ကို နှိပ်ပါ။

Calendar တွင် ရက်အလိုက် ဆရာဝန် တစ်ဦးဆီတွင် Token ယူထားသော အရေအတွက်ကို ပြထားပေးပါသည်။ ထို ဆရာဝန်ကို နှိပ်လျှင် အသေးစိတ်ကို ပြထားပေးသည့် နေရာသို့ ရောက်သွားပါမည်။ ပုံတွင် ကြည့်ရန်။

Appointment အသစ်ထည့်ရန်အတွက် Appointments > Add Appointment ကို နှိပ်ပါ (သို့) +Add button ကို နှိပ်ပါ။ ထို့နောက် အောက်ပါအတိုင်း တွေ့မြင်ရပါမည်။

Date ရွေးလျှင် Token No. ကို Auto ထုတ်ပေးပါလိမ့်မည်။ ရွေးထားသော ရက်စွဲအရ ထိုရက်တွင် ထိုင်သော Doctors များကိုသာ ပြပေးပါလိမ့်မည်။ Specialties ကို ရွေးလိုက်လျှင် ရက်စွဲအပြင်၊ အထူးပြု နှင့်ဆိုင်သော ဆရာဝန်များကိုသာ Doctor တွင် ပြပေးပါလိမ့်မည်။

အချက်အလက်များ အားလုံးဖြည့်ပီးလျှင် Add Appointment ကို နှိပ်ပါ။

Appointments တွင် ထည့်သွင်းလိုက်သည့် အချက်အလက်များ မှားယွင်းလျှင် မှားသွားသော Appointment ကို Edit or Delete လုပ်လို့ ရပါသည်။ Staff Role များသည် Edit & Delete လုပ်၍ မရပါ။ Manger or Admin Role များသာလျှင် Edit, Delete ပြုလုပ်နိုင်ပါမည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက …

ဖုန်းနံပါတ် 📞 +95 9778915075, +95 9954915075 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

🌐 Demo အသုံးပြုရန်အတွက် website တွင် Book Demo ပြုလုပ်ပေးပါ။

📘 𝑼𝒔𝒆𝒓 𝑴𝒂𝒏𝒖𝒂𝒍 >> http://tiny.cc/proclinic_ebook

✉️ Messenger မှ တစ်ဆင့်လည်း သိလိုသမျှ မေးမြန်းနိုင်ပါသည်။

Add Comment

Location for : Listing Title