Search
Book Demo

Your Wishlist : Locations

Pro Clinic POS System တွင် Product Tax သတ်မှတ်သည့် ပုံစံ

Pro Clinic မှာ Product တွေရဲ့ Tax ကို ဘယ်လို သတ်မှတ်ထားမလဲ?

Product တစ်ခုအပေါ်မှာ အခွန်ဆိုတာ ပေးရတာ ရှိသလို၊ မပေးရတာလည်း ရှိပါတယ်။ အခွန်ဆောင်ရတဲ့အခါမျိုးမှာ Product အလိုက် ဘယ်လောက် ပေးဆောင်ထားရလဲဆိုတာ သတ်မှတ်ရပါတယ်။ ထိုမှသာလျှင် Product အလိုက် Profit & Loss တွက်တဲ့အခါမျိုးမှာ အသားတင် အမြတ်ကို သိရှိ နိုင်မှာ ဖြစ်ပါတယ်။

Pro Clinic မှာ ဒီပြဿနာတွေကို ခေါင်းစားစရာ မလိုအောင် လုပ်ပေးထားပါသည်။ အခွန်အတွက် Methods ၂ ခုကို ထည့်သွင်းပေးထားပါတယ်။ Tax inclusive (အခွန်ပါဝင်ပြီး) နှင့် Tax exclusive (အခွန်မပါဝင်သေး) ဆိုပြီး ၂ မျိုး ထည့်ထား ပါသည်။

ဥပမာ - Azole (Product တစ်ခုကို နမူနာ ကြည့်လိုက်ရအောင်)

Cost (မူရင်းစျေး) - 100

Price (ရောင်းစျေး) - 250

Tax (အခွန်) - 5%

Tax Method - Inclusive (ရောင်းစျေးတွင် အခွန်ပါဝင်ပြီး)

ထို Product (၁) လုံး ရောင်းလိုက်တဲ့အခါတွင် ရောင်းစျေးတွင် အခွန် ပါဝင်ပြီးဖြစ်တဲ့အတွက် သတ်မှတ်ထားသော ရောင်းစျေးအတိုင်း 250 ပဲ ကျသင့်မှာပါ၊ အမြတ်က 250 - 100 = 150 ပါ ဒါပေမဲ့ အခွန်က Tax (5%) အတွက် 12.5 ကိုယ်ကပေးထားရတဲ့အတွက် Net Profit က 150 - 12.5 = 137.5 ပဲ အမြတ်ကျန်မှာ ဖြစ်ပါတယ်။

Tax Method - Exclusive ဖြစ်ခဲ့မယ် ဆိုရင်တော့ ရောင်းစျေးကို မိမိသတ်မှတ်ထားသော Tax ပမာဏ အတိုင်း ထပ်ပေါင်းပြီးတော့ ကျသင့် သွားမှာ ဖြစ်ပါတယ်။ Net Profit ကတော့ 150 အသားတင် ကျန်မှာ ဖြစ်ပါတယ်။

Products Report တွင် Product အလိုက် Net Profit ကိုထုတ်ကြည့်နိုင်ပါသည်။

Pro Clinic အသုံးပြုနည်း User Guide ကို အောက်ပါ link ကနေ Download ရယူပါ။ https://tiny.cc/proclinic_ebook

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက >>>

📞 +95 9778915075, +95 9954915075 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

✉️ Messenger မှ တစ်ဆင့်လည်း သိလိုသမျှ မေးမြန်းနိုင်ပါသည်။

☺️ 𝐆𝐎 𝐇𝐄𝐀𝐋𝐓𝐇𝐘 & 𝐇𝐀𝐏𝐏𝐘 ☺️

Add Comment

Location for : Listing Title