Search
Book Demo

Your Wishlist : Locations

POS တွင် Discount နှင့် Comment ရေးသားခြင်းများကို ဘောင်ချာတွင် ဖော်ပြပေးအောင် ပြင်ဆင်ခြင်း

POS တွင် ဆေးရောင်းချိန်၍ ဆေးညွှန်းကို ဘောင်ချာတွင် တစ်ခါတည်းထည့်သွင်းဖော်ပြလိုသည့် အချိန်တွင်လည်း အသုံးပြုနိုင်သလို၊ တခြားမှတ်ချက်တစ်ခုခုကိုလည်း ဆေးအလိုက် ဖော်ပြလိုပါက အောက်ပါအတိုင်း အသုံးပြုနိုင်ပါသည်။

ပုံတွင်ပြထားသည့် အတိုင်း Amoxcillin 500 ဆိုတဲ့ ဆေးကို ဘယ်လိုသောက်ရမယ်ဆိုတဲ့ ဆေးညွှန်းကို Comment တွင် ထည့်ပေးလိုက်သော အခါ ဘောင်ချာတွင် ဘယ်လိုပြပေးမယ်ဆိုတာကို ကြည့်လိုက်ရအောင်။


ယခုမြင်နေရသော ဘောင်ချာတွင် မိမိထည့်သွင်းပေးထားသော ဆေး၏ အောက်နားတွင် ဆေးညွှန်းမှတ်ချက်ကို တွေ့မြင်နေရမည် ဖြစ်သည်။

နောက်တစ်ခုက Product အလိုက် Discount ပေးထားများရှိလျှင် ထို Product ကိုတော့ Discount ဘယ်လောက်ပေးထားတယ်ဆိုတာကို ဘောင်ချာတွင် ထုတ်ပြပေးမည့် ပုံစံပဲ ဖြစ်ပါသည်။ ပုံတွင် ဆက်လေ့လာကြည့်လိုက်ရအောင်...


ပုံမှာ Azole ကို 10% Discount ပေးမယ်ဆိုတာကို ထည့်သွင်းလိုက်သည့် ပုံစံကို တွေ့မြင်ရပါမည်။ ဒီ Payment အတွက် ဘောင်ချာကို ဘယ်လိုတွေ့ရမလဲ ဆက်ကြည့်လိုက်ရအောင်...


ပုံတွင် တွေ့မြင်ရသည့် အတိုင်းပဲ Discount ပေးထားသည့် % ကို ဘောင်ချာတွင် Discount Amount နှင့်တကွ တွဲ၍ တွေ့မြင်ရမည် ဖြစ်ပါသည်။

FOC ပေးသော Product များအတွက် Unit Price တွင် 0 ထည့်ပြီး Comment တွင် FOC ဟု မှတ်ချက်ရေး၍လည်း အသုံးပြုနိုင်ပါသေးသည်။ မိမိ အဆင်ပြေသလို အသုံးချနိုင်အောင် ကျွန်ုပ်တို့ဘက်မှ ဆောင်ရွက်ပေးထားပါသည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက >>

ဖုန်းနံပါတ် 📞 +95 9778915075, +95 9954915075 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

🌐 Demo အသုံးပြုရန်အတွက် website တွင် Book Demo ပြုလုပ်ပေးပါ။

📘 𝑼𝒔𝒆𝒓 𝑴𝒂𝒏𝒖𝒂𝒍 >> http://tiny.cc/proclinic_ebook

✉️ Messenger မှ တစ်ဆင့်လည်း သိလိုသမျှ မေးမြန်းနိုင်ပါသည်။

Add Comment

Location for : Listing Title