Search
Book Demo

Your Wishlist : Locations

Customized အသုံးပြုသူများအတွက် မိမိလုပ်ငန်း၏ website စာမျက်နှာကို ပြုလုပ်နိုင်မည့် အခွင့်အရေး

Pro Clinic ကို Customized အသုံးပြုနေသော လုပ်ငန်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းအတွက် website တစ်ခုကို ဖန်တီးထားချင်ပါသလား။

Website ရှိထားရင် ဘယ်လိုကောင်းကျိုးတွေ ရှိနိုင်မလဲ ဆိုတာ လေ့လာပြီးရင်၊ Pro Clinic System နဲ့ ဘယ်လို ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်မယ်ဆိုတာကို ဖော်ပြပေးသွားပါမည်။

၁။ လုပ်ငန်းအတွက် အကျိုးအမြတ်ရှိခြင်း
ယနေ့ခေတ်လူတွေက အရင်ခေတ်ကထက်အင်တာနက်ပိုအသုံးများလာပြီး တစ်ခုခု ကိုယ်သိချင်တဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုတွေကို အင်တာနက်ကနေတဆင့်ရှာဖွေလာကြတယ်။ အကယ်၍ ကိုယ့်လုပ်ငန်းက Website မရှိဘူးဆိုရင် အင်တာနက်ကရှာတဲ့ List ထဲမှာ သင့် Company ရှိမှာမဟုတ်သလို သင့်လုပ်ငန်းနဲ့ပတ်သက်ပြီး ဘာ Information မှလည်း ရှာတွေ.မှာမဟုတ်ပါဘူး။ သင်နဲ့စီးပွားတူပြီး Website ရှိတဲ့ Company ကိုပဲ အင်တာနက်မှာ စုံစမ်းသူက ရောက်ရှိသွားမှာပါ။

၂။ Website က ပိုက်ဆံအကုန်အကျ သက်သာခြင်း
Website တစ်ခုအတွက် အသုံးပြုရမည့် ငွေးကြေးသည် သတင်းစာကြော်ငြာ၊ ဂျာနယ်ကြော်ငြာတွေမှာ တစ်ခါကြော်ငြာစာမရှိပါဘူး။

၃။ Customer တစ်ယောက်ချင်းစီကို သတင်းပေး အကြောင်းကြားစရာမလိုအပ်ခြင်း
အကယ်၍ သင့်မှာ Website ရှိခဲ့ရင် သင့်စီးပွားရေးလုပ်ငန်းအတွက်ဘယ်လိုဝန်ဆောင်မှုတွေရှိတယ်၊ Special promotion တွေရှိတယ်ဆိုတာ Website ပေါ်မှာတင်လိုက်တာနဲ. အနယ်အနယ်အရပ်ရပ်က သင့် Customer တွေ အလွယ်တကူသိရှိနိုင်ပါတယ်။

၄။ ပို၍ Accessible ဖြစ်ခြင်း
သင့် Website ဟာ ၂၄နာရီ၊ ၇ ရက်၊ တစ်နှစ်ပတ်လုံး အင်တာနက်ပေါ်ရှိနေတာဖြစ်လို့ သင့်စီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားသူ မည်သူမဆို အလုပ်ပိတ်ရက် ရုံး/ဆိုင်ပိတ်ထားရင်တောင် အင်တာနက်မှာ အလွယ်တကူ လေ့လာကြည့်ရှု့လို့ရပါတယ်။

၅။ Website မှတစ်ဆင့် ဈေးကွက်ကို ပိုမိုကျယ်ပြန့်စေခြင်း
အင်တာနက်ဈေးကွက်က ပုံမှန်ဈေးကွက်ထက်ပိုကျယ်ပြန့်ပါတယ်။ တစ်မြို့ထည်း၊ တစ်နိုင်ငံတည်တင်မဟုတ်ပဲ နိုင်ငံတကာထိရောင်းချလို့ရပါတယ်။ ယခုခေတ်က ကားတွေ၊ အိမ်တွေတောင်အင်တာနက်ပေါ် ရောင်းနေဝယ်နေကြတဲ့ ခေတ်ဖြစ်နေပါပြီ။

၆။ Website သည် အကောင်းဆုံး Showcase တစ်ခုအဖြစ် အမြဲရှိနေခြင်း
ဘာလုပ်ငန်းပဲဖြစ်ဖြစ် Website ဟာ သင့်စီးပွားရေးအတွက် အကောင်းဆုံး Showcase တစ်ခုပါ။ သင့် Company အကြောင်း ရှင်းပြတဲ့ Portfolio ၊ သင့်လုပ်ငန်းလည်ပတ်မှု ၊ Services တွေ ၊ ကုန်စည်အမျိုးအစားတွေရဲ့ ဓာတ်ပုံတွေကို Website ပေါ်မှာတစ်ခုချင်းစီ ချပြလို့ရတဲ့ Showcase တစ်ခုပါ။

၇။ Website အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာစေခြင်း
သင့်လုပ်ငန်းအကြောင်း၊ သင့် ဝန်ဆောင်မှုအကြောင်းကို Customer တစ်ယောက်ချင်းစီကို မျက်နှာချင်းဆိုင် ရှင်းပြတာပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ Email နဲ့ပဲဖြစ်ဖြစ် ရှင်းပြတာဟာ အချိန်ကုန်သလို လူလည်းပင်ပန်းပါတယ်။ Website မှာဆိုရင်သင့် Client သိချင်တဲ့ အကြောင်းအရာအတော်များများကို သိမ်းဆည်းပြသထားလို့ရ ပါတယ်။ FAQ တွေတင်ထားပေးလို့ရပါတယ်။ Video များဖြင့် Customer သိလိုသည်များကို Website မှာတင်ထားနိုင်ပါတယ်။ သင့်ရဲ့ အချိန်တွေ မကုန်တော့ဘူးပေါ့။

မိမိလုပ်ငန်း၏ portfolio ကိုဖော်ပြထားနိုင်သည့်အပြင် Pro Clinic Software နဲ့ ဘယ်လို ချိတ်ဆက်ပြီး လုပ်လို့ ရနိုင်မည့် အချက်တွေရှိလဲဆိုတာကို ဖော်ပြပေးသွားပါမည်။

Website မှတဆင့် Appointments (Token) ရယူနိုင်ခြင်း (လက်ရှိ Appointments system နှင့်တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်ပါမည်)

Website မှတဆင့် ရောင်းချသော ဆေးများကို ကြည့်ရှူ့နိုင်ခြင်း (လက်ရှိ system ထဲတွင် ရှိသော Products များနှင့် ချိတ်ဆက်အသုံးပြုနိုင်ပါမည်)

Website မှတဆင့် ဆေးများကို ဝယ်ယူနိုင်ခြင်း (လက်ရှိ system နှင့် ချိတ်ဆက်ပြီး sale order များကို လက်ခံနိုင်ပါမည်၊ Stock လက်ကျန် ရှိ/မရှိ ဆိုတာကိုပါ တစ်နေရာထဲကနေ ထိန်းချုပ်နိုင်သည့်အတွက် အချိန်ကုန်သက်သာပြီး ပိုမိုလွယ်ကူစေပါမည်)

Website တွင် မိမိဆေးခန်းတွင် ဝန်ဆောင်မှုပေးသော အချက်အလက်များကို ဖော်ပြနိုင်ပါမည်

Website တွင် မိမိဆေးခန်းတွင် ထိုင်သော ဆရာဝန်များ၏ အချက်အလက်များကိုလည်း ဖော်ပြထားလို့ ရပါသည်

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက …

ဖုန်းနံပါတ် 📞 +95 9778915075, +95 9954915075 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

🌐 Demo အသုံးပြုရန်အတွက် website တွင် Book Demo ပြုလုပ်ပေးပါ။

📘 𝑼𝒔𝒆𝒓 𝑴𝒂𝒏𝒖𝒂𝒍 >> http://tiny.cc/proclinic_ebook

✉️ Messenger မှ တစ်ဆင့်လည်း သိလိုသမျှ မေးမြန်းနိုင်ပါသည်။

Add Comment

Location for : Listing Title